Converter on Web

>> Monday, June 29, 2009

You can use converter on web.

*Web converter can support backward conversion(Unicode5.1 to ZawgyiOne).*

Able to convert

  • (Myanmar3, Padauk, Parabaik) to (Zawgyi-One)
  • (Zawgyi-One) to (Myanmar3, Padauk, Parabaik)
Try Here.

Have a nice time! :)

Read more...

Why did Unicode born?


မြန်မာယူနီကုဒ်

ယူနီကုဒ်၊ ယူနီကုဒ်နဲ့ လူတွေကတော့ပြောနေကြတယ်။ ပြောနေတဲ့သူတိုင်းကရော ယူနီကုဒ်ဆိုတာဘာလဲဆိုတာအသေအချာ ရှင်းရှင်းလင်းလင်း သိချင်မှသိကြလိမ့်မယ်။ ယူနီကုဒ်ဆိုတာကို နောက်မှပေါက်တဲ့ရွှေကြာပင်ရယ်လို့သဘောထားပြီး မသုံးချင်ကြသေးတဲ့ သူတွေလည်းရှိချင်ရှိမယ်။
ဘာပဲဖြစ်ဖြစ်ပေါ့လေ…
- မြန်မာယူနီကုဒ်ဆိုတာဘာလဲ
- ယူနီကုဒ်ကဘာတွေပိုအသုံးဝင်မှာလဲ
- အရင်တုန်းကသုံးနေတာနဲ့ဘာကွာလို့ပြောင်းသုံးနေကြတာလဲ
အစရှိတဲ့အခြေခံမေးခွန်းလေးတွေကိုအရင်ရှင်းသွားအောင်ပြောချင်ပါတယ်။

ASCII Font အကြောင်း
မြန်မာနိုင်ငံမှာကွန်ပျူတာတွေကို သုံးကြတော့ကွန်ပျူတာမှာInternational Language ဖြစ်တဲ့English ကိုပဲသုံးနေရာကနေ ကိုယ့်နိုင်ငံအတွက် ကိုယ့်စာတွေကို ကွန်ပျူတာမှာ မြင်ချင်လာကြတယ်။ အဲဒီအချိန်မှာ ကွန်ပျူတာမှာ သုံးနေကြတာ Latin စာတွေလေ။ အဲဒီ Latin စာတွေကိုကွန်ပျူတာထဲမှာ ASCII (American Standard Code for Information Interchange) စနစ်ကိုသုံးပြီးသိမ်းတယ်။ သူတို့ Latin စာအတွက် ကုဒ်တွေ သတ်မှတ်ထားပေမယ့် မြန်မာစာအတွက်က ကုဒ်မှမသတ်မှတ်ထားသေးတာ။ ကုဒ်မရှိလဲ မြန်မာစာမြင်ချင်တော့ ခုနကပြောတဲ့ Latin စာတွေသိမ်းတဲ့ ASCII စနစ်ကိုပဲသုံးရတော့တယ်။ အဲဒီလိုနဲ့ပဲ ASCII စနစ်ကိုသုံးတဲ့ မြန်မာစာ စာလုံးစနစ် (Font) တွေကို တီထွင်လာကြတယ်။ ၁၉၉၂ အစောပိုင်းမှာ “Shwe and Mya” လို့ခေါ်တဲ့ ပထမဆုံးမြန်မာစာ Font ကိုတီထွင်ထုတ်လုပ်ခဲ့တယ်။ မြန်မာစာကို မြင်ရသော်လည်း ကွန်ပျူတာက အမှန်တကယ်သိသည်မှာ Latin စာတွေပဲဖြစ်နေတယ်။ ဥပမာ Win Font မှာဆိုရင် “က” ဟုမြင်နေရသော်လည်း ကွန်ပျူတာက Latin စာ ‘u’ ကိုသာ သိမ်းထားခြင်းဖြစ်တယ်။

ပြဿနာ

မြန်မာစာ ASCII Font တွေရဲ့အဓိကပြဿနာကတော့ စာရိုက်စဉ်ကအသုံးထားသော font အမျိုးအစားမရှိသော ကွန်ပျူတာတွင် ပြန်ဖွင့်ကြည့်လျှင် Latin စာများသာမြင်ရခြင်း ဖြစ်သည်။ ဥပမာ- Win Font အသုံးပြု၍စာရိုက်ထားသော ဖိုင်တစ်ခုကို Win Font မရှိသော ကွန်ပျူတာတွင်ဖွင့်ကြည့်လျှင် abc…d (Latin) စာများသာမြင်ရမည်ဖြစ်သည်။ ထိုစက်တွင် Win Font မရှိသော်လည်း ASCII Font တစ်ခုဖြစ်သည့် Academy Font ရှိ၍ ထို Academy နှင့်ပြန်ဖွင့်ကြည့်လျှင် မြန်မာစာများကိုတော့ မြင်နိုင်ပါမည်။ သို့သော် မှန်ကန်စွာ ပြန်မြင်နိုင်တော့မည် မဟုတ်ပေ။ ဥပမာ- Win Font တွင် ‘က’ သည် ‘u’ နေရာတွင် ထားသော်လည်း Academy Font တွင် ‘u’ ဟူသော Latin စာနေရာတွင် ‘ယ’ ထားသောကြောင့် Win Font တွင်ရိုက်တားသော ‘က’ နေရာများတွင် Academy Font ပြောင်းသောအခါ ‘ယ’ များအဖြစ်ပြောင်းလဲသွားသောကြောင့် အမှန်ကို မြင်နိုင်တော့မည် မဟုတ်ချေ။
ထိုသို့ပြဿနာမျိုးများ ဖြစ်ရခြင်းမှာ စာလုံးစနစ်သိမ်းရာတွင် တိကျသော စံသတ်မှတ်ချက်မရှိခြင်းကြောင့် ဖြစ်သည်။ ဥပမာ- ‘က’ ဟူသောစာလုံးတစ်ခုသည် Latin စာ ‘u’ နေရာတွင်သာဖြစ်သည်ဟူသော သတ်မှတ်ချက်မျိုးမရှိခဲ့ပေ။
ASCII စနစ်ကိုသုံးခြင်း၏ အဓိက၀မ်းနည်းစရာအကောင်းဆုံးအချက်မှာ ကိုယ်ပိုင်စနစ် မရှိခြင်းကြောင့်၊ သူများစနစ်ကို အငှားသုံးထားရခြင်းပင်ဖြစ်သည်။ ‘က’ ဟုမြင်နေရသော်လည်း ကွန်ပျူတာက ‘u’ ဟုသာသိနေခြင်းဖြစ်သည်။
ထို့နောက် မြန်မာစာအတွက် ကိုယ်ပိုင်ကုဒ်စနစ်တစ်ခုရရှိရန် ကြိုးပမ်းကြရာ ‘Unicode’ ဟုခေါ်သောစနစ်ကို ရှာဖွေတွေ့ရှိခဲ့သည်။ထို ‘Unicode’ စနစ်ဆိုသည်မှာ တစ်ကမ္ဘာလုံးတွင် ရှိသော ဘာသာစကားတိုင်းအတွက် ကိုယ်ပိုင်နေရာများ သတ်မှတ်ပေးသော စနစ်ဖြစ်သည်။ ထို Unicode စနစ်တွင်မြန်မာစာပါရှိရေးအတွက် ကြိုးပမ်းကြရာ (၁၉၉၈) ခုနှစ်တွင် မြန်မာနိုင်ငံအတွက် ကုဒ်နေရာပေါင်း ( ၁၆၀ ) (1000 မှ -109F အထိ )နေရာရရှိလာခဲ့သည်။


မြန်မာယူနီကုဒ် အကြောင်း

‘Unicode’ စနစ်တွင် ဗမာစာအတွက် ကိုယ်ပိုင်နေရာတစ်ခု ရရှိလာပြီးနောက် ထိုစနစ်ကို အသုံးပြု၍ Unicode Font များကိုထုတ်လုပ်လာကြပါသည်။ Unicode စနစ်တွင် အက္ခရာတစ်ခုစီအတွက် သီးသန့်ကုဒ်တစ်ခုရှိသည်။ ဥပမာ- ‘က’ သည် ‘Unicode’ စနစ်တွင် ‘1000’ ဟူသော နေရာတွင်ရှိသည်။ Unicode စနစ်ကိုသုံးထားသော မည်သည့် Font တွင်မဆို ‘က’ သည် ကုဒ် ‘1000’ သာဖြစ်နေသည်။
‘Unicode’ စနစ်တွင် ဗမာစာ၏ အဓိကအခြေခံအက္ခရာများကိုသာ ကိုယ်ပိုင်ကုဒ် သတ်မှတ်ပေးထားခြင်း ဖြစ်သည်။ ASCII စနစ်နှင့် ကွာခြားချက်မှာ ASCII စနစ်တွင် (ု) သည် အတိုနှင့် အရှည် (ု ) နှစ်မျိုးလုံးအတွက် ကုဒ်တစ်ခုစီအသုံးပြုထားသော်လည်း၊ ‘Unicode’ စနစ်တွင်မူ ‘ု’ သည် “102F” ဟူသော ကုဒ် ၁ ခုတွင်သာ ရှိနေမည်ဖြစ်ပြီး ကီးဘုတ်တွင်လည်း ‘Key’ ၁ခုတွင်သာရှိနေပေမည်။ ထိုအခါ စာရိုက်သူက ‘ု’ လိုချင်သောအခါ မည်သို့ပြုလုပ်ရမည်နည်း ဆိုလျှင် မည်သို့မျှပြုလုပ်ရန် မလိုပါ။ ‘ု’ သည် ‘K’ key တွင် ရှိသည်ဆိုလျှင် စာရိုက်သူသည် ‘ု’ လိုချင်သည်ဖြစ်စေ၊ ‘ု ’ လိုချင်သည်ဖြစ်စေ ထို ‘K’ key ၁ခုကိုသာ နှိပ်ရန်မှတ်သားထားရပါမည်။ ထိုသို့ ‘ု’ / ‘ု ’ ပြောင်းလဲခြင်းကို ထိုသရနှင့်တွဲသော အက္ခရာပေါ်မူတည်၍ ဗမာစာရေးနည်းစနစ်အတိုင်း ပြောင်းလဲရမည့်ပုံစံကို ပြောင်းလဲခြင်းကို ‘Rendering Engine’ လုပ်ဆောင်ပေးပါလိမ့်မည်။ ထို ‘Rendering’ သည် ‘Unicode’ ၏ စံသတ်မှတ်ချက်ကို လိုက်နာထားသော Unicode Font များတွင် တစ်ပါတည်းပါရှိမည်ဖြစ်သည်။

Read more...

Unicode 5.1 Converter Add-in for MS Word 2007

>> Friday, June 19, 2009



What we can do with this Unicode converter?


We can convert text in other encoding

  1. ASCII (Win)
  2. Partial Unicode (ZawgyiOne, Myazedi)
  3. Unicode Version 4.0 (Myanmar1)
to latest Unicode version 5.1(Myanmar2,Myanmar3, Padauk).


Benefits

You can convert your text with your Desktop Publishing Application (Microsoft Word 2007).


Release Version

Version 1(Beta Version)

You can Download Here.


Prerequisites to install Converter Add-in

1.Microsoft .NET Framework 3.5

2.Visual Studio Tools for the Office system 3.0 Runtime

Notes: Only work on MS Word 2007


License

  • Not Allowed to use for Commercial
  • Read more...

    About This Blog

    Lorem Ipsum

      © Blogger templates Palm by Ourblogtemplates.com 2008

    Back to TOP